back

လွိုင်လင်-မိုင်းပွန် ဂိတ်တွင် ကုန်ပစ္စည်းများ အားလုံးချကာ ဖောက်စစ်ဆေး

Dec 10 • 5:35 PM

breaking-news

မြန်မာ

ရှမ်း

cover

လွိုင်လင်-မိုင်းပွန် ဂိတ်တွင် ကုန်ပစ္စည်းများ အားလုံးချကာ ဖောက်စစ်ဆေး

ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှ စပြီး လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ဆေးရေးဂိတ်တွင် ကုန်ကားပေါ် တင်ဆောင်လာသည့် ဂျပ်ဖာများ၊ ကုန်ပစ္စည်းများကို အောက်သ...

ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှ စပြီး လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ဆေးရေးဂိတ်တွင် ကုန်ကားပေါ် တင်ဆောင်လာသည့် ဂျပ်ဖာများ၊ ကုန်ပစ္စည်းများကို အောက်သို့ အားလုံးချခိုင်းကာ တစ်ခုချင်းစီ ဖောက်ထုတ်စစ်ဆေးနေသဖြင့် မလိုအပ်ဘဲ အချိန်ကြာမြင့်မှု ဖြစ်နေကြောင်း အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက ပြောသည်။ကုန်တင်သည့် ကားကြီး၊ တွဲကား အများစုသည် သျှမ်းပြည်အရှေ့ပိုင်းမှ ကုန်သွယ်ခွန် (ဂျူတီ) ဆောင်၍ တင်သွင်းလာသည့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းတို့ကို တင်ဆောင်လာပြီး မန္တလေးနှင့် ရန်ကုန်မြို့ဘက်သို့ အဓိကပို့ကြောင်း ၎င်းကပြောသည်။ 






news-view-count-icon

18