အွန်လိုင်းဆိုရှယ်မီဒီယာပေါ်တွင်၊ Spa လုပ်ငန်းလိုင်စင်ဖြင့် အနှိပ်ခန်းလုပ်ငန်းများ ပေါ်ပေါ်ထင်ထင်ကြော်ငြာလုပ်ကိုင်လာကြကြောင်း အွန်လိုင်းသတင်းစောင့်ကြည့်လေ့လာသူများထံကသိရသည်။အမျိုးသမီးငယ်များဖြင့် ဝန်ဆောင်မှုပေးသည့်အနှိပ်ခန်းလုပ်ငန်းများအား၊ လိုင်စင်ရ Spa လုပ်ငန်းများဖြင့်၊ တရားဝင်လုပ်ငန်းကဲဲ့သို့ ကြော်ငြာလုပ်ကိုင်နေကြခြင်းဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။ယခင်က ရှမ်းပြည်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့ရှိ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအချို့တွင်သာ (တရားဝင်)ရှိခဲ့သည့်အဆိုပါလုပ်ငန်းများသည်၊ ယခုနောက်ပိုင်း ရန်ကုန်၊မန္တလေးအပါအဝင် မြို့ကြီးများတွင် တရားဝင်လုပ်ငန်းတစ်ခုကဲဲ့သို့၊ အတင့်ရဲစွာလုပ်ကိုင်လာကြခြင်းဖြစ်ပြီး၊ အွန်လိုင်းဆိုရှယ်မီဒီယာတွင် ပေါ်ပေါ် ထင်ထင်ကြော်ငြာလာသည်အထိ ရဲတင်းလာကြောင်း သိရသည်။



