back

ရှမ်းပြည်နယ် တောင်ပိုင်းတွင် ကျားဖြန့်ထွက်ပြေးသွားသည့်နေရာရှိ ပစ္စည်းများ ဒေသခံများ လုယူကြ

Dec 10 • 5:33 PM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ် တောင်ပိုင်းတွင် ကျားဖြန့်ထွက်ပြေးသွားသည့်နေရာရှိ ပစ္စည်းများ ဒေသခံများ လုယူကြ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်အတွင်း သတင်းထွက်ပေါ်မှုကြောင့် စစ်တပ်က ဖမ်းဆီးမှု ရှိသကဲ့သို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းမှ ထွက်...

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့နယ်အတွင်း သတင်းထွက်ပေါ်မှုကြောင့် စစ်တပ်က ဖမ်းဆီးမှု ရှိသကဲ့သို့ ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းမှ ထွက်ပြေးခိုင်းမှုကြောင့် ကျားဖြန့်အသုံးပြုခဲ့သည့် ပစ္စည်းများကို အနီးနားရှိ ဒေသခံများ အလုအယက် လုယူနေကြသည်။ကျားဖြန့်များကို ထိန်းသိမ်းနေစဥ်အတွင်း ဒေသခံများမှ ကျားဖြန့်ကျွေးမွေးရန် ဆန်(၁)ပြည်နှင့် ကြက်ဥတို့ ပေးရကြောင်း သိရသည်။ထို့အပြင် ကျေးသီးမြို့နယ် မိုင်းကောင်အတွင်း နေထိုင် အလုပ်လုပ်နေကြသည့် ကျားဖြန့်များကိုလည်း ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့မှ သတင်းပေးထွက်ပြေးခိုင်းပြီး ဒေသခံများ ပစ္စည်းလုယူမှုရှိကြောင်း သိရသည်။






news-view-count-icon

16