SEA GAMES Thailand 2025 ၏ စိတ်လှုပ်ရှားဖွယ်ရာ Canoeing (လှေလှော်) ပြိုင်ပွဲများ ယနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် စတင်ကျင်းပရာ၊ အမျိုးသား တစ်ယောက်လှော် ၅၀၀ မီတာ (Men's Canoe Single 500m - C1) မြန်မာ့လက်ရွေးစင် အားကစားသမား မျိုးလှိုင်ဝင်းသည် ထိုင်းနိုင်ငံမှ လက်ရွေးစင်အားကစားသမား Mahawattanangkul Pitpiboon နှင့် စက္ကန့်ဝက်မျှသာကွာခြားသည့် အကြိတ်အနယ် ယှဉ်ပြိုင်မှုအပြီး၌ ငွေတံဆိပ် (Silver Medal) ဆုကို ဂုဏ်ယူစွာ ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။



