မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ သမိုင်းဝင်ခေါင်းဆေးကျွန်းရှိ ဘုန်းကြီးကျောင်း ဆွမ်းချက်ရုံတွင် ယနေ့ဒီဇင်ဘာ ၁၀ ရက် နံနက်၈နာရီက မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး မီးလောင်မှုဖြစ်ပွား ရခြင်းမှာ ခေါင်းဆေးကျွန်းတွင်ရှိတဲ့ ဘုန်းကြီးကျောင်း ဆွမ်းချက်ရုံတွင်ချက်ပြုတ်နေစဥ် မီးစတင်လောင်ကျွမ်း ခဲ့တာဖြစ်ပါတယ်။မီးလောင်မှုကြောင့် ခေါင်းဆေးကျွန်း တွင်ရှိတဲ့ ရှေးဟောင်ဘုန်းကြီးကျောင်း ပင်မကျောင်းအဆောင် မီးလောင်ပျက်စီးခဲ့ရပြီး ရဟန်းသံဃာများနဲ့ ပြည်သူများ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဘူးလို့ သိရပါတယ်။



