ဒီဖြစ်စဉ်ဟာ ထိုင်းနိုင်ငံ၊ ဥထိုင်ဌာနီခရိုင်၊ နောင်ကျန်မြို့နယ်၊ အမှတ် (၂) ၊ နောင်နန်နွမ်ကျေးရွာမှာ ဒီနေ့ ဒီဇင်ဘာလ ၁၀ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။ဘန်ကောက်မြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက သူတို့ မိသားစုဝင်တွေ စုပေါင်းလှူဒါန်းထားတဲ့ ကထိန်အလှူငွေတွေကို ကျောင်းထိုင်ဆရာတော်က လိုအပ်တဲ့နေရာမှာ အသုံးမပြုဘဲ ကျောင်းပြင်ပမှာ ဘုန်းကြီးကျောင်းမုဒ်ဦး တည်ဆောက်နေတာကြောင့် အဲဒီ အလှူငွေတွေပြန်ရဖို့ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။အလှူငွေ ပြန်တောင်းသူ အမျိုးသမီးဟာ ပြန်လည်ရရှိတဲ့ ဘတ် (၁၁၀,၀၀၀) လက်ခံကာ အမှုကြေအေးပေးခဲ့ပြီး၊ အဲဒီ ဘတ် (၁၁၀,၀၀၀) ကို တကယ်လိုအပ်နေတဲ့ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်လှူဒါန်းမယ်လို ပြောပါတယ်။



