back

ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်သူ လက်ဖက်ရည်ဆိုင် ပိုင်ရှင်နဲ့ အဖျော်ဆရာကို ဖမ်းဆီးထား

Dec 10 • 1:15 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်သူ လက်ဖက်ရည်ဆိုင် ပိုင်ရှင်နဲ့ အဖျော်ဆရာကို ဖမ်းဆီးထား

ရန်ကုန်မြို့ လယ်ကောင် လသာမြို့နယ် မဟာဗန္ဓုလလမ်းပေါ်တွင် ဖွင့်လှစ်ထားတဲ့ ရွှေဇင်ရွှေဆိုင်ကို ဓါးပြတိုက် သွားတဲ့ လက်ဖက်ရည်ဆိုင် ပိုင်ရှင်နဲ့ အဖျော်ဆရာကို ဖမ်းဆီးထ...

ရန်ကုန်မြို့ လယ်ကောင် လသာမြို့နယ် မဟာဗန္ဓုလလမ်းပေါ်တွင် ဖွင့်လှစ်ထားတဲ့ ရွှေဇင်ရွှေဆိုင်ကို ဓါးပြတိုက် သွားတဲ့ လက်ဖက်ရည်ဆိုင် ပိုင်ရှင်နဲ့ အဖျော်ဆရာကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ဓါးပြတိုက်မှုကို CCTV များမှတဆင့် လိုက်လံစစ်ဆေးရာမှ ဓါးပြတိုက်ခဲ့သူ အောင်ဘရားသား လက်ဖက်ရည် ဆိုင်ပိုင်ရှင် အောင်ကိုဇင်နှင့် အဖျော်ဆရာစိုးကို တို့ ၂ဦးကို တိုက်ရာပါ ပစ္စည်းများနဲ့ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ဖမ်းဆီးရမိခဲ့တဲ့ တရားခံများက ဓါးပြတိုက်ခဲ့ကြောင်းဝန်ခံခဲ့သလို တိုက်ရာပါငွေနဲ့ ရွှေထည်များ ပြစ်မှုကျူး လွန်ရာတွင် အသုံးပြုခဲ့တဲ့ လုပ်သေနတ်နှင့်ကျည်များကို သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြပြီး တရားစွဲ နိုင်ရန် ဆောင်ရွက်နေကြပါတယ်။


news-view-count-icon

22