back

မြေတူးစက် တင်တဲ့ကားတစ်စီး နမ့်ဆန်ထဲက အိမ်တစ်အိမ်ကို ဝင်တိုက်တာကြောင့် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

Dec 10 • 1:13 PM

breaking-news

မြန်မာ

ရှမ်း

cover

မြေတူးစက် တင်တဲ့ကားတစ်စီး နမ့်ဆန်ထဲက အိမ်တစ်အိမ်ကို ဝင်တိုက်တာကြောင့် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

‎ မနေ့ ဒီဇင်ဘာ ၉ ရက် ည ၇ နာရီခွဲမှာတအာင်းဒေသ နမ့်ဆန်မြို့မှာ မြေတူးစက်ကို တင်လာတဲ့ ကားတစ်စီးက အိမ်တစ်အိမ်ကို ဝင်တိုက်တာကြောင့် နေအိမ်ပျက်စီးတဲ့အပြင် အိမ်ရှင်အမျ...

‎ မနေ့ ဒီဇင်ဘာ ၉ ရက် ည ၇ နာရီခွဲမှာတအာင်းဒေသ နမ့်ဆန်မြို့မှာ မြေတူးစက်ကို တင်လာတဲ့ ကားတစ်စီးက အိမ်တစ်အိမ်ကို ဝင်တိုက်တာကြောင့် နေအိမ်ပျက်စီးတဲ့အပြင် အိမ်ရှင်အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရခဲ့ကြောင်း ဖြစ်စဉ်သိရှိသူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။လက်ရှိမှာတော့ ဒဏ်ရာရသူ အမျိုးသမီးကို ဆေးကုသဖို့ မန္တလေးဆေးရုံသို့ ပို့ဆောင်လိုက်ပြီလို့လည်း ဆိုပါတယ်။လမ်းကျဉ်းလွန်းတဲ့ နမ့်ဆန်မြို့မှာ ယာဉ် မတော်တဆ မကြာခဏဖြစ်ပွားနေတာကြောင့် ယာဉ်တွေကို ဂရုတစိုက်မောင်းကြဖို့ နမ့်ဆန်ဒေသခံတွေက တောင်းဆိုထားကြပါတယ်။




news-view-count-icon

21