ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စင်း တောင်းကျေးရွာ နှင့် နန်းပန်း ကျေးရွာတို့တွင် ဆီးနှင်းများကြောင့် ငရုတ်ပင်များဝါသွားပြီး ပျက်စီးသွားကြောင်းသိရသည်။ငရုတ်ပင်များပျက်ပြီး အသီးမခူးရသည့်အပြင် ငရုတ်သီးစျေးများ မရှိတော့ကြောင့် ငရုတ်စိုက်တောင်သူများအရှုံးပေါ်နေကြောင်းသိရသည်။ယခင်နှစ်တွင် ငရုတ်သီး ၁ ပိသာကို ၅၀၀၀၀ ကျပ်ထိစျေးရရှိခဲ့သော်လည်း ယခုနှစ် ငရုတ်သီးစျေးမှာ၂၀၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်အထိသာရှိကြောင်းသိရသည်။



