ထိုင်းနိုင်ငံအရှေ့ပိုင်း လယွန်ခရိုင်၊ နော့ခိုင်ဒေသရှိ စက်ရုံ၊ အလုပ်ရုံများသို့ ဒီဇင်ဘာ ၉ ရက်နေ့က ထိုင်းဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံမှ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ တရားမဝင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄၅ ဦးနှင့် တရုတ်နိုင်ငံသား ၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း လယွန်ခရိုင် အလုပ်သမားရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖမ်းဆီးခံရသည့် မြန်မာ ၄၅ ဦးအနက် အလုပ်လုပ်ခွင့်လက်မှတ်မရှိခြင်း သို့မဟုတ် လုပ်ပိုင်ခွင့်ထက် ကျော်လွန်လုပ်ကိုင်နေခြင်းကြောင့် ၂၁ ဦး၊ အလုပ်ရှင်အသစ်ကို အလုပ်သမားရုံးထံ ၁၅ ရက်အတွင်း အကြောင်းမကြားခြင်းကြောင့် ၂၄ ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။ ၎င်းတို့အားလုံးကို ဥပဒေအရ အရေးယူရန်အတွက် ဘန်းခိုင်ရဲစခန်းသို့ ပို့ဆောင်ထားပြီး၊ တရားမဝင် အလုပ်ခန့်ထားစေမှုဖြင့် အလုပ်ရှင်များကိုလည်း ဆက်လက်အရေးယူသွားမည်ဖြစ်သည်။ လာမည့် ဒီဇင်ဘာ ၁၂ ရက်နေ့မှစ၍ ထိုင်းရောက် အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်လုပ်ခွင့်လက်မှတ်အသစ် ပြုလုပ်ပေးမည်ဟု ကြေညာထားသဖြင့် အလုပ်သမားများအနေဖြင့် အထူးဂရုစိုက်နေထိုင်ကြရန် အလုပ်သမားအရေး ကူညီသူများက တိုက်တွန်းထားသည်။
Dec 10 • 7:29 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 35 | 0 | 0 | 0 |


