back

ကော့သောင်းမြို့နယ်တွင် ဘုရားဝန်းထဲ အရက်မသောက်ရန် ပြောဆိုသည့် ဆရာတော်တစ်ပါးကို အငြိုးဖြင့် ရိုက်သတ်မှု ဖြစ်ပွား

Dec 10 • 7:28 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ကော့သောင်းမြို့နယ်တွင် ဘုရားဝန်းထဲ အရက်မသောက်ရန် ပြောဆိုသည့် ဆရာတော်တစ်ပါးကို အငြိုးဖြင့် ရိုက်သတ်မှု ဖြစ်ပွား

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မကြုံဂလက်မော်ကင်းကျေးရွာ၌ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ဘုရားစေတီဝန်းအတွင်း အရက်သောက်ခြင်းကို တားမြစ်ခဲ့သည့်အပေါ် အငြိုးထားကာ၊ အ...

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မကြုံဂလက်မော်ကင်းကျေးရွာ၌ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ဘုရားစေတီဝန်းအတွင်း အရက်သောက်ခြင်းကို တားမြစ်ခဲ့သည့်အပေါ် အငြိုးထားကာ၊ အောင်ခေမာကျောင်းတိုက်ဆရာတော် ဦးပဏ္ဍိတကို အသက် ၂၅ နှစ်အရွယ်ရှိသူ တစ်ဦးက ကြေးစည်ထုသည့်တုတ်ဖြင့် ရိုက်သတ်ခဲ့ကြောင်း သိရသည်။သတ်ဖြတ်သူမှာ ရွာသို့ လှေမြုပ်ခြင်းအား လာရောက်ဆယ်ယူသည့် လှေလုပ်သားတစ်ဦးဖြစ်ပြီး၊ ကျောင်းတွင် ဆွမ်းကျန်ထမင်းကျန် လာရောက်စားသောက်နေသူဖြစ်သည်။ ဆရာတော်သည် ၎င်းအား ဘုရားဝန်းထဲ အရက်မသောက်ရန် ပြောဆိုခဲ့ခြင်းကြောင့် ကပ္ပိယကျောင်းသားများ မရှိချိန်တွင် အဆိုပါပုဂ္ဂိုလ်က ဆရာတော်၏ ဦးခေါင်းကို ရိုက်နှက်ခဲ့ရာ ဆရာတော်ပျံလွန်တော်မူခဲ့သည်။ ဆရာတော်ပျံလွန်တော်မူချိန်တွင် အသက် ၃၈ ဝါတော် ၁၅ ဝါ ရှိပြီး၊ ရွာသားများနှင့် တပည့်များက အခင်းဖြစ်သည့်နေ့ ညနေ ၃ နာရီခန့်တွင် သတ်ဖြတ်သူကို ဖမ်းဆီးရမိကာ စရဖလက်သို့ အပ်နှံခဲ့ကြောင်း သိရသည်။

news-view-count-icon

33