back

ကြည့်မြင်တိုင်မြို့နယ် အထက(၂) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားနှင့် ပြိုင်ပွဲများ ကျင်းပ

Dec 10 • 7:13 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ကြည့်မြင်တိုင်မြို့နယ် အထက(၂) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားနှင့် ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှာ...

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ ဒီဇင်ဘာ ၉ ရက် နံနက် ၁၀ နာရီအချိန်က အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ဇာလင်းက အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာမ တင့်တယ်ခင်က လူငယ်နှင့် စာဖတ်ခြင်းအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများအပြင် ကာယနှင့် ဉာဏပြိုင်ပွဲများကိုပါ ကျင်းပပေးခဲ့ရာ ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများ ချီးမြှင့်ခဲ့ကြောင်းနှင့် ပြသထားသည့် စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကိုလည်း စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

news-view-count-icon

21