နယ်စပ်ပဋိပက္ခကို ရပ်တန့်ရန်အတွက် ထိုင်းနိုင်ငံနှင့် ချက်ချင်း နှစ်နိုင်ငံဆွေးနွေးပွဲများလုပ်ဆောင်ရန်ကိစ္စကို ကမ္ဘောဒီးယားက ကြိုဆိုကြောင်း ဝန်ကြီးချုပ်၏ ထိပ်တန်းအကြံပေးတစ်ဦးက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတက ကြားဝင်စေ့စပ်ပေးခဲ့သော အပ-စ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု အိမ်နီးချင်းနှစ်နိုင်ငံက အပြန်အလှန်စွပ်စွဲခဲ့ကြသည်။ တိုက်ခိုက်မှုများကို အဆုံးသတ်ရန် ဇူလိုင်လအတွင်းကသဘောတူထားသော အပ-စ်အခတ်ရပ်စဲရေးသည် ပျက်ပြားခဲ့ပြီးနောက် နှစ်နိုင်ငံသည် ၎င်းတို့၏ ၈၁၇ ကီလိုမီတာရှည်လျားသောနယ်စပ်တလျှောက်၌ အမြောက်ပ-စ်ခတ်မှုများအပါအဝင် ဒုတိယမြောက်နေ့ အဖြစ်အပြန်အလှန်ပ-စ်ခတ်ခဲ့ကြသည်။ အပြင်းထန်ဆုံး တို-က်ပွဲများ တကျော့ပြန်ဖြစ်လာသည့် နှစ်ရက်တာအတွင်း နှစ်ဖက်စလုံးတွင် လူ ၁၃ ဦးထက်မနည်းေ-သဆုံးခဲ့ပြီဖြစ်ကာ ထောင်ပေါင်းများစွာသောလူများသည် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ကြသည်။



