back

Nvidia H200 ချစ်ပ်များ တရုတ်သို့ အမေရိကန်ပြန်တင်ပို့ခွင့်ပြုမည်ဟု ထရမ့်ဆို

Dec 10 • 4:14 AM

breaking-news

မြန်မာ

ပြည်ပ

cover

Nvidia H200 ချစ်ပ်များ တရုတ်သို့ အမေရိကန်ပြန်တင်ပို့ခွင့်ပြုမည်ဟု ထရမ့်ဆို

အမေရိကန်ပြည်ထောင်စုသည် Nvidia ၏ ဒုတိယအကောင်းဆုံး ဉာဏ်ရည်တု ချစ်ပ်ဖြစ်သော H200 ပရိုဆက်ဆာများကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပြုမည်ဖြစ်ပြီး ထိုအရောင်းများအပေါ်မ...

အမေရိကန်ပြည်ထောင်စုသည် Nvidia ၏ ဒုတိယအကောင်းဆုံး ဉာဏ်ရည်တု ချစ်ပ်ဖြစ်သော H200 ပရိုဆက်ဆာများကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ပြုမည်ဖြစ်ပြီး ထိုအရောင်းများအပေါ်မှ ၂၅ ရာခိုင်နှုန်း အခကြေးငွေ ကောက်ယူမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ၈ရက်တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့သည်။ထိုဆုံးဖြတ်ချက်သည် Nvidia နှင့် ပြိုင်ဘက်များက တရုတ်သို့ ရောင်းချခြင်းဖြင့် ကမ္ဘာ့ဉာဏ်ရည်တု ချစ်ပ်ဈေးကွက်တွင် ဦးဆောင်နေရာကို ထိန်းသိမ်းသင့်သလား သို့မဟုတ် တင်ပို့မှုများကို တားမြစ်သင့်သလားဆိုသည့် အမေရိကန်အတွင်း ငြင်းခုန်မှုကို အဆုံးသတ်ပေးသည့်ပုံစံ ရှိနေသော်လည်း၊ ပေကျင်းက ကုမ္ပဏီများကို အမေရိကန်နည်းပညာကို မသုံးရန် ညွှန်ကြားထားသဖြင့် ထရမ့်၏ ဆုံးဖြတ်ချက်က အရောင်းအဝယ်သစ်များ ဖြစ်ပေါ်လာမည်လားဆိုသည်ကို မရှင်းလင်းသေးပေ။Nvidia (NVDA.O) ရှယ်ယာများသည် ထရမ့်က Truth Social တွင် ကြေညာချက်ထုတ်ပြန်ပြီးနောက် ဈေးကွက်ပိတ်ချိန်အပြင်ဘက်တွင် ၂ ရာခိုင်နှုန်း တက်လိုက်ပြီး၊ ထိုနေ့အတွင်း Semafor ၏ အစီရင်ခံစာတစ်ခုအရ တစ်နေ့တာအတွင်း ၃% မြင့်တက်လာခဲ့သည်။

သမ္မတထရမ့်က သူ၏ ပို့စ်တွင် အစိုးရ၏ စောင့်ကြပ်ကြည့်ရှုမှုအောက်ရှိနေသည့် Nvidia ၏ ချစ်ပ်များကို တရုတ်သမ္မတ ရှီကျင့်ဖိန်အား အကြောင်းကြားခဲ့ပြီး ထိုအစီအစဉ်ကို အပြုသဘောဆောင်စွာ တုံ့ပြန်ကြောင်း သူက ပြောကြားခဲ့သည်။အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက အစီအစဉ်အသေးစိတ်ကို အပြီးသတ်နေပြီး Advanced Micro Devices (AMD.O) ကဲ့သို့သော အခြား AI ချစ်ပ်ကုမ္ပဏီများအတွက်လည်း အလားတူချဉ်းကပ်မှု သက်ရောက်မည်ဟု ၎င်းက ပြောကြားခဲ့သည်။ထရမ့်၏ပို့စ်တွင် အမေရိကန်အစိုးရအား ပေးဆောင်ရမည့် အခကြေးငွေမှာ "ဒေါ်လာ ၂၅%" ဖြစ်ပြီး အိမ်ဖြူတော်အရာရှိတစ်ဦးက သြဂုတ်လတွင် အဆိုပြုထားသည့် ၁၅ ရာခိုင်နူန်းထက် ပိုမိုမြင့်မားသော ၂၅ ရာခိုင် နူန်းကို ဆို လိုကြောင်း အတည်ပြုခဲ့သည်။ထရမ့်က Truth Social တွင် “ကျွန်တော်တို့ အမျိုးသားလုံခြုံရေးကို ကာကွယ်မယ်၊ အမေရိကန်အလုပ်အကိုင်တွေ ဖန်တီးမယ်၊ ဉာဏ်ရည်တုနယ်ပယ်မှာ အမေရိကရဲ့ ဦးဆောင်မှုကို ထိန်းသိမ်းမယ်” ဟု ရေးခဲ့သည်။

news-view-count-icon

26