မြန်မာနိုင်ငံက စိုက်ပျိုးထုတ်လုပ်တဲ့ ဖရဲသီးနဲ့ သခွားမွှေးသီးတွေကို နယ်စပ်ကနေ တရုတ်ကို တင်ပို့ရောင်းချရာမှာ ဈေးကောင်းမရဖြစ်နေတယ်လို့ နယ်စပ်သစ်သီးဝလံကုန်သည်အသိုင်းအဝိုင်းက သိရပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားနယ်စပ်ကုန်သွယ်ရေး တာလော့ဂိတ်ကနေ ဖရဲသီးနဲ့ သခွားမွှေးသီးတွေ တင်ပို့တဲ့အခါ လမ်းခရီးကြန့်ကြာတာနဲ့ ရာသီဥတုကြောင့် တရုတ်ဈေးကွက်ရောက်ချိန်မှာ အသီးအရည်အသွေးတွေ ကျဆင်းပြီး ဈေးကောင်းမရဖြစ်တာလို့ ဆွေမြန်မာသစ်သီးပွဲရုံက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာရှိတဲ့ ကျင်စန်းကျော့ဂိတ်ကနေ တရုတ်တင်ပို့နိုင်မယ်ဆိုရင်တော့ လမ်းခရီးတိုပြီး ကုန်ကျစရိတ်သက်သာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မိုင်းလားနယ်စပ်ကနေ တင်ပို့ရတဲ့အခါမှာ ကုန်ကျ စရိတ်များပြီး ရက်ကြာအတွက် အခုရရှိတဲ့ဈေးက ကုန်သည်တွေအတွက် တွက်ခြေမကိုက် ဖြစ်နေတာပါ။ 
Dec 10 • 4:08 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 56 | 0 | 0 | 0 |


