back

ပြည်တွင်း၌ကြံစိုက်တောင်သူများစက်ရုံဝယ်ဈေးကျသဖြင့် တွက်ခြေမကိုက်ဘဲအရှုံးပေါ်

Dec 10 • 4:20 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း၌ကြံစိုက်တောင်သူများစက်ရုံဝယ်ဈေးကျသဖြင့် တွက်ခြေမကိုက်ဘဲအရှုံးပေါ်

ယခုနှစ် ကြံရာသီမှာသကြားစက်ရုံများမှ ကြံဝယ်ဈေးတွေ ကျဆင်းသည့်အတွက် ကြံစိုက်တောင်သူများတွက်ခြေမကိုက်ဘဲ အခက်အခဲ ရှိပြီးအများစုမှာအရှုံးပေါ်ကြကြောင်းကြံစိုက်တောင်သူမ...

ယခုနှစ် ကြံရာသီမှာသကြားစက်ရုံများမှ ကြံဝယ်ဈေးတွေ ကျဆင်းသည့်အတွက် ကြံစိုက်တောင်သူများတွက်ခြေမကိုက်ဘဲ အခက်အခဲ ရှိပြီးအများစုမှာအရှုံးပေါ်ကြကြောင်းကြံစိုက်တောင်သူများထံမှသိရသည်။မဖြစ်မနေစိုက်တက်ဈေးလေးမျော်ပြီးစိုက်ရတာ၊အယင်နှစ်က ကြံကြိတ်ရာသီမှာ စက်ရုံအရောက် ကြံတစ်တန်ဝယ်ဈေးက ကျပ် ၁၈၀,၀၀၀ ကနေ ကျပ် ၂၀၀, ၀၀၀ အထိ ဈေးရရှိခဲ့ရာကနေ အခုနှစ် ကြံရာသီမှာ သကြားစက်တွေက စက်ရုံအရောက် ကြံတစ်တန် ဝယ်ဈေးကို ကျပ် ၁၅၀,၀၀၀ ကနေ ၁၇၀,၀၀၀ ကြားနဲ့ ဝယ်တော့ စိုက်စရိတ်သွင်းအားစုဈေးတက်တဲ့အချိန်ဘယ်မှာတွက်ခြေကိုက်ပြီးအမြတ်ကျန်မှာလည်းတောင်သူတွေကစိုက်ရှုံးပါဘဲ " ဟုကြံစိုက်တောင်သူတစ်ဦးမှပြောသည်။နေပြည်တော်တွင်ဟိုအရင်ကာလများစွာက ကြံအဓိကထားအများအပြာစိုက်ပျိုးခဲသောနယ်မြေတစ်ခုဖြစ်ခဲ့ပြီး သကြားစက်များလည်းတည်ရှိခဲသောမြို့ဖြစ်ခဲပြီး ကြံစိုက်တောင်သူများ စီးပွာရေးအဆင်ပြေခဲ့ကြကြောင်းနောက်ပိုင်းကာလအစိုးရသကြားစက်များအား ပုဂ္ဂလိကလုပ်ငန်းရှင်းများလွဲအပ်ခဲ့ပြီးနောက်ပိုင်း ကြံစိုက်တောင်သူများကမောက်ကမဖြစ်ပြီကြံစိုက်တောင်သူများနည်းပါးသွားခဲ့ကြောင်း၊ကြံမစိုက်ခင်ဒီနှစ်ကြံဈေးဘယ်သို့ညာသို့ဟုပြောဆိုခဲသော်လည်း ကြံဝယ်ရာသီတွင် ‌မျှော်လင့်သောဈေးမရခြင်းမှာ ကြံဝယ်ရာသီတိုင်း ကြံစိုက်တောင်သူများအမြဲကြုံရသည့် ဓမ္မတာဆိုသလို အမြဲဖြစ်နေရကြောင်းတောင်သူများပြောပြချက်အရသိရသည်။


news-view-count-icon

37