back

ကမ္ဘောဒီးယား ဒရုန်းထိန်းချုပ်ရေးစင်တာကို ထိုင်း တိုက်ခိုက်ဖျက်ဆီး

Dec 10 • 4:00 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယား ဒရုန်းထိန်းချုပ်ရေးစင်တာကို ထိုင်း တိုက်ခိုက်ဖျက်ဆီး

ကမ္ဘောဒီးယားက ဒရုန်း ထိန်းချုပ်ရေး စင်တာအဖြစ် အသုံးပြုနေတဲ့ နယ်စပ် ကာစီနိုရုံ အဆောက်အဦကို ထိုင်း အက်ဖ် ၁၆ တိုက်လေယာဉ် တစ်စီးက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် အခုအ...

ကမ္ဘောဒီးယားက ဒရုန်း ထိန်းချုပ်ရေး စင်တာအဖြစ် အသုံးပြုနေတဲ့ နယ်စပ် ကာစီနိုရုံ အဆောက်အဦကို ထိုင်း အက်ဖ် ၁၆ တိုက်လေယာဉ် တစ်စီးက တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် အခုအချိန်မှာ ထိုင်းလူနေဒေသတွေကို ခြိမ်းခြောက်နေတဲ့ ဒုံးကျည် အခြေစိုက် စခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ထိုင်းတော်ဝင်လေတပ်က ပြောပါတယ်။ထိုင်းလေတပ်က ကမ္ဘောဒီးယား ဒုံးကျည် အခြေစိုက်စခန်းတွေကို ပစ်မှတ်ထား ဖျက်ဆီးပစ်ဖို့ ကြိုးပမ်းနေတာကြောင့် နှစ်နိုင်ငံစစ်သားတွေရော အရပ်သားတွေအတွက်ပါ ပြင်းထန်တဲ့ အန္တရာယ် ရှိနေပါတယ်။ကမ္ဘောဒီးယားရဲ့ပစ်ကူပေးတဲ့စနစ်ကို တတ်နိုင်သမျှ ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားတယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ပြည်တွင်း အကျိုးစီးပွားတွေကြောင့် စစ်ရေးလမ်းကြောင်းကို ရွေးချယ်နေတာ ဖြစ်ပြီး အမျိုးသားရေးဝါဒက လောင်စာ ဖြည့်ပေးသလို ဖြစ်နေတယ်လို့ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ သီတီနန်က ပြောပါတယ်။

news-view-count-icon

20