(၃၃) ကြိမ်မြောက် ဆီးဂိမ်းစ်အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု နောက်ဆုံးပွဲစဥ်အဖြစ် ဗီယက်နမ်နှင့် ပွဲအတွက် ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) တွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လူမှုကွန်ယက်တွင် ဖော်ပြထားသည်။မြန်မာအမျိုးသမီးအသင်းသည် အုပ်စုပွဲစဉ်များတွင် ဖိလစ်ပိုင်အသင်းကို နှစ်ဂိုး -တစ်ဂိုးဖြင့်လည်းကောင်း၊ မလေးရှားအသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ယူထားသည်။မြန်မာအသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲစဉ် ဗီယက်နမ်ကို သရေကျခဲ့မည်ဆိုပင်လျှင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်မည် ဖြစ်သည်။
ဆီးဂိမ်းစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်ပြင်ဆင်နေ
Dec 10 • 4:00 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 44 | 0 | 0 | 0 |


