back

ကမ္ဘောဒီးယားအရာရှိတွေနဲ့ အတူတူ ထမင်းစားဖူးတဲ့ ထိုင်းဝန်ကြီးချုပ် အနုတင်

Dec 10 • 3:58 AM

breaking-news

ကမ္ဘောဒီးယား

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားအရာရှိတွေနဲ့ အတူတူ ထမင်းစားဖူးတဲ့ ထိုင်းဝန်ကြီးချုပ် အနုတင်

ကမ္ဘောဒီးယား ဟွန်ဆင်က ထိုင်းဝန်ကြီးချုပ် အနုတင်နဲ့ သူ့မိန်းမကို ကမ္ဘောဒီးယားအရာရှိတွေနဲ့ အတူရှိနေပုံကို ထုတ်ဖော်ပြသလိုက်ပြီး အနုတင်အနေနဲ့ သစ္စာဖောက်ဖို့ကို ဝန်မ...

ကမ္ဘောဒီးယား ဟွန်ဆင်က ထိုင်းဝန်ကြီးချုပ် အနုတင်နဲ့ သူ့မိန်းမကို ကမ္ဘောဒီးယားအရာရှိတွေနဲ့ အတူရှိနေပုံကို ထုတ်ဖော်ပြသလိုက်ပြီး အနုတင်အနေနဲ့ သစ္စာဖောက်ဖို့ကို ဝန်မလေးဘူးလို့ စွပ်ဆွဲပါတယ်။ ဒါ့အပြင် သူက နိုင်ငံရေးအာဏာပြချင်လို့ အရင်ကရှိခဲ့တဲ့ သူငယ်ချင်း သံယောဇဥ်ကို ရိုက်ချိုးပြီး ကမ္ဘောဒီးယား ပြည်သူတွေကို စစ်ကြေညာတယ်လို့ ပြောပါတယ်။ အနုတင်က သူ့သူငယ်ချင်းဖြစ်ခဲ့ပေမယ့် အာဏာရှိလာတော့ ကမ္ဘောဒီးယားက ရန်မစတာတောင် စစ်ပွဲကို အခုလို လုပ်ခဲ့ပြီလို့ ပြောတာပါ။ထိုင်းဘက်ကလည်း ပြန်လည်တုံ့ပြန်ထားပြီး ဒီကိစ္စတွေက နယ်စပ်ကိစ္စ တင်းမာမှုတွေမဖြစ်ခင်ကတည်းက ဖြစ်ခဲ့ကြောင်း၊ ခမာတွေနဲ့ တွေ့ဆုံရာမှာလည်း လူမြင်ကွင်းမှာသာ ထွက်တွေ့တာဖြစ်ပြီး လျှို့ဝှက်တာတွေ ဘာတွေမရှိဘူးလို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြန်လည်တုံ့ပြန်ထားပါတယ်။

news-view-count-icon

14