ချယ်လ်ဆီးအသင်းရဲ့နည်းပြ မာရက်စကာက အတ္တလန်တာအသင်းကို (၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ချေပဂိုးပေးခဲ့ရပြီးကတည်းက ပွဲကို ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်သွားခဲ့တယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ချန်ပီယံလိဂ်ပွဲစဉ်(၆)အဖြစ် အီတလီမြေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အဲဒီပွဲမှာ ချယ်လ်ဆီးအသင်းက ဂျော်အိုပတ်ဒရိုရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရတာပါ။ဒါကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ ချန်ပီယံလိဂ်အဝေးကွင်း(၅)ပွဲဆက် နိုင်ပွဲပျောက်ခဲ့သလို၊ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ(၄)ပွဲဆက် နိုင်ပွဲပျောက်တဲ့အခြေအနေလည်း ဖြစ်သွားခဲ့ပါတယ်။ဒီပွဲကို ရှုံးနိမ့်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရရှိဖို့ ရုန်းကန်ရတော့မှာဖြစ်ပြီး မာရက်စကာက လက်ကျန်နှစ်ပွဲစလုံး အနိုင်ရရှိဖို့ လိုအပ်သွားပြီဖြစ်ကြောင်းလည်း သုံးသပ်ခဲ့ပါတယ်။
ချယ်လ်ဆီးနည်းပြမာရက်စကာမှ ချေပဂိုး ပေးခဲ့ရပြီးကတည်းက ပွဲကို ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်သွားခဲ့ကြောင်း သုံးသပ်ပြောကြား
Dec 10 • 3:50 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 19 | 0 | 0 | 0 |


