back

လသာမြို့နယ်က ရွှေဇင်ရွှေဆိုင် ဓားပြတိုက်သူနဲ့ ကြံရာပါတွေကို ဖမ်းမိ

Dec 10 • 3:49 AM

breaking-news

မြန်မာ

ရန်ကုန်

cover

လသာမြို့နယ်က ရွှေဇင်ရွှေဆိုင် ဓားပြတိုက်သူနဲ့ ကြံရာပါတွေကို ဖမ်းမိ

ရန်ကုန်တိုင်း ၊ လသာမြို့နယ် ၊ အမှတ်(၃)ရပ်ကွက်၊မဟာဗန္ဓုလ လမ်းက " ရွှေဇင်ရွှေဆိုင် " ဓားပြတိုက်သူတွေ ကို ဒီဇင်ဘာ ၉ ရက်နေ့က ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။ ရွေဆို...

ရန်ကုန်တိုင်း ၊ လသာမြို့နယ် ၊ အမှတ်(၃)ရပ်ကွက်၊မဟာဗန္ဓုလ လမ်းက " ရွှေဇင်ရွှေဆိုင် " ဓားပြတိုက်သူတွေ ကို ဒီဇင်ဘာ ၉ ရက်နေ့က ဖမ်းဆီးရမိ ခဲ့တယ်လို့ သိရပါတယ်။ ရွေဆိုင်ကို ဓားပြတိုက် လုယက်မှု ကျူးလွန်ခဲ့တဲ့ အမျိုးသား နှစ်ယောက်နဲ့ လုယက်ခဲ့တဲ့ ပစ္စည်းကို လက်ခံသိမ်းဆည်းပေးခဲ့တဲ့ ကြံရာပါ အမျိုးသမီးနဲ့ အမျိုးသား တယောက်တို့ကို ဖမ်းဆီးရမိ ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဓားပြတိုက်သူ နှစ်ယောက်ကတော့ သာကေတမြို့နယ်ရှိ Aung Brother လက်ဘက်ရည်ဆိုင် ပိုင်ရှင် အောင်ကိုဇင် ဆိုသူနဲ့ အဖျော်ဆရာ ဆိုသူအမျိုးသားတို့ ဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။ လက်ရှိမှာ ဓားပြတိုက်မှု ကျူးလွန်သူတွေကိုတော့ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါသည်။

news-view-count-icon

19