back

ပြည်တွင်း၌ ခရစ္စမတ်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက် ခရီးသွားနေရာတွေ စည်ကားမယ့်အနေအထားရှိလာ

Dec 10 • 3:51 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း၌ ခရစ္စမတ်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက် ခရီးသွားနေရာတွေ စည်ကားမယ့်အနေအထားရှိလာ

ယခုဒီဇင်ဘာကာလ ခရစ္စမတ်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ ခရီးသွားနေရာတွေ ဧည့်ကျမယ့်အနေအထားရှိနေတယ်လို့ ပြည်တွင်းက ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကပြောပါတယ်။လက်ရှိမ...

ယခုဒီဇင်ဘာကာလ ခရစ္စမတ်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေမှာ ခရီးသွားနေရာတွေ ဧည့်ကျမယ့်အနေအထားရှိနေတယ်လို့ ပြည်တွင်းက ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေကပြောပါတယ်။လက်ရှိမှာလည်း ဒီဇင်ဘာရုံးပိတ်ရက် ခရီးစဉ်များအတွက် ကြိုတင်ဘိုကင်မှာယူမှုတွေရှိနေတယ်လို့ ခရီးသွားအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။ပြည်တွင်းခရီးသွားဝန်ဆောင်မှုအေဂျင်စီတွေရဲ့အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ်ကတည်းက ပြည်တွင်းခရီးသွားလာမှုတွေက အတော်လေးပြန်လည်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။လက်ရှိ ခရီးသွားလာမှုစစ်တမ်းတွေအရကမ်းခြေဒေသတွေဖြစ်တဲ့ ချောင်းသာ၊ငွေဆောင် အပါအဝင် ကျိုက်ထီးရိုး၊ပုဂံ၊တောင်ကြီး၊ကလောနဲ့ မန္တလေး၊ပြင်ဦးလွင်ဘက်တွေကိုခရီးသွားလာမှုတွေအများဆုံးရှိနေတယ်လို့ ဆိုပါတယ်။ဒါအပြင် ယခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့အထင်ကရ ခရီးသွားဒေသတခုဖြစ်တဲ့ ပုဂံဒေသသို့ပြည်တွင်းခရီးသွားတွေအပြင် နိုင်ငံခြားသား(ပြည်ပခရီးသွား)ဝင်ရောက်မှုတွေလည်းပြန်ရှိလာခဲ့တယ်လို့ ပုဂံဒေသ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

news-view-count-icon

26