back

အင်းလေး ငလျင်ဒဏ် ထောက်ပံ့ကြေးပေးသည့် ပြင်ဆင်စရိတ်ကို ပြည်သူများမရဘဲ ကြားဖြတ် ဖြတ်စားမှုများရှိနေ

Dec 10 • 2:23 AM

breaking-news

မြန်မာ

ရှမ်း

cover

အင်းလေး ငလျင်ဒဏ် ထောက်ပံ့ကြေးပေးသည့် ပြင်ဆင်စရိတ်ကို ပြည်သူများမရဘဲ ကြားဖြတ် ဖြတ်စားမှုများရှိနေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ဒဏ်သင့် ပြည်သူများအား ထောက်ပံ့မှုကို အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများသာ ရကြောင်း ဒေသခံများထံမှ ...


ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ဒဏ်သင့် ပြည်သူများအား ထောက်ပံ့မှုကို အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူများသာ ရကြောင်း ဒေသခံများထံမှ သိရသည်။သစ်သားအိမ်ဖြစ်ပြီး အကုန် ပြိုကျပျက်စီးသော နေအိမ် ကျပ်သိန်း ၁၈၀၊ သစ်သားတစ်ထပ်အိမ် သိန်း ၁၂၀ နှင့် ယိုင်သွားသောအိမ်ကို သိန်း ၈၀ ထောက်ပံ့ကြေး ပေးနေကြောင်း ဒေသခံများက ပြောသည်။အုပ်ချုပ်ရေးအဖွဲ့ဝင် မဟုတ်သည့် သာမာန်ရွာခံများမှာ အိမ်ပျက်စီးမှု အပေါ်မူတည်၍ ကျပ်သိန်း ၃၀၊ ၁၂ သိန်း၊ ၆ သိန်း စသဖြင့်သာ ရရှိကြကြောင်း ဆိုသည်။ထို့ပြင် ရသည့်ပမာဏကို အခြား သူများအား မပြောရန်၊ ပြဿနာ မရှာရန်နှင့် လူမှုကွန်ရက်ပေါ် မတင်ကြရန်လည်း ကျေးရွာ အုပ်ချုပ်ရေးမှုများက ဖိအားပေးထားကြောင်း ဒေသခံများက‌ ပြောသည်။

news-view-count-icon

19