back

မြန်မာပြည်တွင်းမှ ပြည်ပသို့ ၇ လအတွင်း ငါးတန်ချိန် ၁၆၅,၀၀၀ ကျော်တင်ပိုနိုင်ခဲ့

Dec 10 • 2:24 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်းမှ ပြည်ပသို့ ၇ လအတွင်း ငါးတန်ချိန် ၁၆၅,၀၀၀ ကျော်တင်ပိုနိုင်ခဲ့

မြန်မာပြည်တွင်းတွင် အခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလကနေ အောက် တိုဘာအထိ (၇)လအတွင်း ပြည်ပနိုင်ငံတွေကို ငါးတန်ချိန် ၁၆၅,၀၀၀ ကျော်တင်ပိုထားတယ်လို ငါးလုပ်ငန်းဦးစီးဌာနက...

မြန်မာပြည်တွင်းတွင် အခု ၂၀၂၅- ၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလကနေ အောက် တိုဘာအထိ (၇)လအတွင်း ပြည်ပနိုင်ငံတွေကို ငါးတန်ချိန် ၁၆၅,၀၀၀ ကျော်တင်ပိုထားတယ်လို ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။၇ လအတွင်း ပြည်ပကို ငါးတင်ပိုမှုကနေ ပိုကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၀၁ သန်းကျော် ရရှ်ထားတယ်လို ဆိုပါတယ်။ပြည်ပကို ပင်လယ်ရေကြောင်းကနေ ငါးတန်ချိန် ၈၅,၇၀၀ ကျော်တင်ပိုခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ငါးတန်ချိန် ၇၉,၃၀၀ တင်ပိုခဲ့တာဖြစ်ပြီ ပြည်တွင်းကထွက်ရှိတဲ့ ငါး၊ ပုစွန် အပါအ၀င် ရေထွက်ကုန်ပစ္စည်းတွေကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဂျပန် အပါအဝင် ပြည်ပနိုင်ငံပေါင်း (၄ဝ) ကျော်ကို အဓိကထား တင်ပိုနေတယ်လို သိရပါတယ်။

news-view-count-icon

29