back

လားရှိုး-တာချီလိတ်သွားတဲ့ ခရီးသည်တွေထဲက တအာင်းလူမျိုးတွေ ကားခ ၃ဆ ပိုပေးနေရ၊

Dec 10 • 2:21 AM

breaking-news

မြန်မာ

ရှမ်း

cover

လားရှိုး-တာချီလိတ်သွားတဲ့ ခရီးသည်တွေထဲက တအာင်းလူမျိုးတွေ ကားခ ၃ဆ ပိုပေးနေရ၊

ရှမ်းမြောက် လားရှိုးကနေ ရှမ်းအရှေ့ တာချီလိတ်မြို့သို့ ခရီးသွားတဲ့ လူထုတွေထဲက တအာင်းလူမျိုးတွေကသာ ကားခ ပုံမှန်ထက် ၃ ဆ ပိုပေးနေရတဲ့အပြင် တအာင်းလူမျိုးလို့ ပါတဲ့မှ...

ရှမ်းမြောက် လားရှိုးကနေ ရှမ်းအရှေ့ တာချီလိတ်မြို့သို့ ခရီးသွားတဲ့ လူထုတွေထဲက တအာင်းလူမျိုးတွေကသာ ကားခ ပုံမှန်ထက် ၃ ဆ ပိုပေးနေရတဲ့အပြင် တအာင်းလူမျိုးလို့ ပါတဲ့မှတ်ပုံတင်လည်း ကိုင်ခွင့်မရှိသလို လမ်းတလျှောက်လုံး တအာင်းစကားမပြောရ‌ဘူးဆိုတဲ့ သတ်မှတ်ချက်တွေ ရှိနေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။‎ပြီးခဲ့တဲ့လ နိုဝင်ဘာ ပထမအပတ်ကစပြီး ၎င်းလမ်းကို အသုံးပြုသွားလာနေတဲ့ တအာင်းလူမျိုးတွေဟာ ပုံမှန်ခရီးသည်တွေထက် ကားခ ၃ဆ ပိုပေးနေကြရတဲ့အပြင် တအာင်းလူမျိုးလို့ရေးသားထားတဲ့ မှတ်ပုံတင်မပြရဘဲ ရှမ်းလူမျိုးလို့ရေးသားထားတဲ့ မှတ်ပုံတင်တွေကိုသာ ကိုင်ဆောင်ခဲ့ကြရပါတယ်။ လားရှိုး-တာချီလိတ် ကားခဟာ ပုံမှန်ခရီးသည် တစ်ဦးကို တရုတ်ယွမ် ၆၀၀ မြန်မာငွေ (၃သိန်း၆သောင်း) ဝန်းကျင်သာရှိပြီး တအာင်းလူမျိုးတွေက ယွမ် ၂,၀၀၀ နီးပါး မြန်မာငွေ (၁၂ သိန်း)ဝန်းကျင် ပေးခဲ့ရတာ ဖြစ်ပါတယ်။

news-view-count-icon

14