ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကယန်းဒေသအမှတ် ၃မြို့နယ်၊ ကြေးကတော့အောက်(ခ)စိန်မိုက်ကယ်မြို့သစ်မှာ လာမယ့် ၂၀၂၅ခုနှစ် ဒီဇင်ဘာလ ၂၁ရက်နေ့မှာကျရောက်မယ့် စိန်မိုက်ကယ်မြို့သစ်တည်ထောင်ခြင်း (၂၅) နှစ်ပြည့်ငွေရတုအထိမ်းအမှတ်အနေဖြစ် ဘောလုံးပြိုင်ပွဲတစ်ရပ်ကို ဒီဇင်ဘာလ ၈ရက်နေ့က စတင်ကျင်းပခဲ့ပါတယ်။စိန်မိုင်ကယ်မြို့သစ်ကို ၂၀၀၀ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၁ ရက်နေ့ဟာ မြို့သစ်တည်ထောင်ခြင်း ၂၅နှစ်ပြည့် ငွေရတုနှစ် ဖြစ်ပါတယ်။ စိန်မိုင်ကယ်တည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေရတုဘောလုံးပြိုင်ပွဲရဲ့ ဆုကြေးတွေမှာတော့ ပထမဆု ၁၀သိန်းကျပ်၊ ဆွဲပြား၊ ဖလားတစ်လုံး၊ ဒုတိယဆု ၇သိန်းကျပ်၊ ဆွဲပြား၊ တတိယဆု ၅သိန်းကျပ်နဲ့ နှစ်သိမ့်ဆု ၃သိန်းကျပ်ဆီ အသီးသီးချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်တွင် စိန်မိုက်ကယ်မြို့သစ် တည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေရတုအထိမ်းအမှတ် ဘောလုံး ပြိုင်ပွဲ ကျင်းပ
Dec 10 • 2:20 AM
မြန်မာ
ကရင်
မျှဝေမည်
| 17 | 0 | 0 | 0 |


