ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ Human Papilloma Virus (HPV) ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဒီဇင်ဘာ ၉ ရက်မှစတင်၍ မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာကျောင်းများကို အခြေပြုကာ စတင်ဆောင်ရွက်ခဲ့သည်။ ယခုထိုးနှံပေးသည့် ဆေးသည် HPV ပိုးအမျိုးအစားလေးမျိုး ဆေးဖြစ်ပြီး၊ ၎င်းကို ထိုးနှံခြင်းအားဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ကျန်းမာရေးဌာနခွဲများ၊ ဆရာမများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော အမျိုးသမီးငယ်များအား ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေးအတွက် သက်ဆိုင်ရာကျောင်းများနှင့် ရပ်ကွက်များတွင် ထိုးနှံပေးလျက်ရှိသည်။
ရန်ကင်းမြို့နယ်တွင် အသက် ၉ နှစ်မှ ၁၂ နှစ်ကြား အမျိုးသမီးငယ်များအား HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထိုးနှံ
Dec 10 • 2:01 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 16 | 0 | 0 | 0 |


