စာရေးဆရာ မြချစ်(ရွှေတောင်) ၏ "ချစ်ခြင်းရည်တူသော်လည်း" နှင့် "ဘဝရသဝတ္ထုတိုများ" စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၉ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။အခမ်းအနားတွင် ဦးစွာ ပြန်/ဆက် ဦးစီးအရာရှိ ဦးမြင့်ရွှေက အမှာစကားပြောကြားပြီး၊ စာရေးဆရာ မြချစ်(ရွှေတောင်)က ၎င်း၏စာအုပ်များ ဖန်တီးခဲ့ပုံများကို ရှင်းလင်းတင်ပြခဲ့သည်။ 
စာရေးဆရာ မြချစ်(ရွှေတောင်)၏ 'ချစ်ခြင်းရည်တူသော်လည်း' နှင့် 'ဘဝရသဝတ္ထုတိုများ' စာအုပ်မိတ်ဆက်ပွဲ ကျောက်တံတားမြို့နယ်၌ ကျင်းပ
Dec 10 • 2:03 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 22 | 0 | 0 | 0 |


