back

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျန်းမာရေးဌာန Annual Review and Planning Meeting ကို ရန်ကုန်မြို့တွင် ကျင်းပ

Dec 10 • 2:00 AM

breaking-news

မြန်မာ

ရန်ကုန်

cover

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျန်းမာရေးဌာန Annual Review and Planning Meeting ကို ရန်ကုန်မြို့တွင် ကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ကျန်းမာရေးဌာနမှ ပြုလုပ်သော Annual Review and Planning Meeting ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့...

မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ကျန်းမာရေးဌာနမှ ပြုလုပ်သော Annual Review and Planning Meeting ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Best Western Green Hill Hotel ၌ ကျင်းပခဲ့ကြောင်း ဒီဇင်ဘာ ၉ ရက်တွင် သိရသည်။ အဆိုပါအခမ်းအနားသို့ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့် တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေးက အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ အစည်းအဝေးသို့ အသင်းခေါင်းဆောင်များ၊ ရှမ်းပြည်နယ်များမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ၊ ဌာနချုပ်တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့် မိတ်ဖက်ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဤအစည်းအဝေးကို ဒီဇင်ဘာ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ (၂) ရက်တာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

news-view-count-icon

11