back

သန်လျင်မြို့နယ် အထက (၃) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

Dec 10 • 1:59 AM

breaking-news

မြန်မာ

ရန်ကုန်

cover

သန်လျင်မြို့နယ် အထက (၃) တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် အမှတ် (၃) အခြေခံပညာ...

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ခရိုင် ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က ကျောင်းသား/ကျောင်းသူများအား ဗလငါးတန် ဖွံ့ဖြိုးရေးနှင့် ဗဟုသုတ တိုးပွားရေးအတွက် ပြင်ပစာပေများ လေ့လာဖတ်ရှုကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

news-view-count-icon

24