ကရင်ပြည်နယ်၊ မြဝတီမြို့တွင်းရှိ ကျားဖြန့်ရုံများကို စစ်တပ်က ဝင်ရောက်ဖမ်းဆီးတော့မည်ဟူသော သတင်းများ ပျံ့နှံ့နေမှုကြောင့် တရုတ်၊ ထိုင်းနှင့် မြန်မာနိုင်ငံသားများ အပါအဝင် ကျားဖြန့်လုပ်သားများသည် ကြိုတင်တိမ်းရှောင်နေကြသည်ဟု ဒေသခံများထံမှ ဒီဇင်ဘာ ၉ ရက်တွင် သိရသည်။ သောင်ရင်းမြစ်ကမ်းတစ်လျှောက်ရှိ ကျားဖြန့်ရုံများမှ ထိုင်းနိုင်ငံသား ထောင်နှင့်ချီသည် တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် မဲဆောက်ဘက်သို့ ပြန်သွားကြပြီး၊ တရုတ်နိုင်ငံသားများမှာ ကရင်နယ်ခြားစောင့်တပ် BGF ၏ အကူအညီဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များသို့ ပြောင်းရွှေ့နေကြသည်ဟု မြို့ခံများက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၉ ရက် ညနေပိုင်းကလည်း မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ဟိန်းစိန် (၂) ကျားဖြန့်ရုံကို စစ်တပ်နှင့် BGF ပူးပေါင်း၍ ဝင်ရောက်စီးနင်းကာ ကျားဖြန့်လုပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရှိရသည်။
မြဝတီမြို့ရှိ ကျားဖြန့်ရုံများအား စစ်တပ်မှ ဝင်ဖမ်းမည်သတင်းကြောင့် ကျားဖြန့်လုပ်သားများ ကြိုတင်တိမ်းရှောင်
Dec 10 • 1:58 AM
မြန်မာ
ကရင်
မျှဝေမည်
| 15 | 0 | 0 | 0 |


