back

ဂျကာတာမြို့ရှိ ခုနစ်ထပ်အဆောက်အအုံ မီးလောင်မှုကြောင့် လူ ၇ ဦး သေဆုံး

Dec 10 • 1:52 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျကာတာမြို့ရှိ ခုနစ်ထပ်အဆောက်အအုံ မီးလောင်မှုကြောင့် လူ ၇ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော် ဂျကာတာတွင် အင်္ဂါနေ့က ခုနစ်ထပ်တိုက်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၇ ဦး သေဆုံးခဲ့ပြီး၊ မီးလောင်ကျွမ်းသော အဆောက်အအုံအတွင်း၌ ...

အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော် ဂျကာတာတွင် အင်္ဂါနေ့က ခုနစ်ထပ်တိုက်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၇ ဦး သေဆုံးခဲ့ပြီး၊ မီးလောင်ကျွမ်းသော အဆောက်အအုံအတွင်း၌ လူအချို့ ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသတွင်းရုပ်သံသတင်းဌာန Kompas TV က သတင်းထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်ပြီး၊ အဆောက်အအုံအတွင်း ပိတ်မိနေသူများကို ဘေးလွတ်ရာသို့ ဆက်လက်ကယ်ထုတ်နေခြင်းဖြစ်သည်။ အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် အဆောက်အအုံသည် သတ္တုတူးဖော်ရေးမှ စိုက်ပျိုးရေးကဏ္ဍများအထိ လုပ်ငန်းများအတွက် ဒရုန်းများ ပံ့ပိုးပေးသည့် Terra Drone Indonesia ကုမ္ပဏီ၏ ရုံးခန်းအဆောက်အအုံဖြစ်ကြောင်း သိရသည်။

news-view-count-icon

15