back

Nature သိပ္ပံဂျာနယ်၏ "Nature's 10" စာရင်းတွင် တရုတ်ပညာရှင်နှစ်ဦးရွေးချယ်ခံရ

Dec 10 • 1:51 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

Nature သိပ္ပံဂျာနယ်၏ "Nature's 10" စာရင်းတွင် တရုတ်ပညာရှင်နှစ်ဦးရွေးချယ်ခံရ

လန်ဒန်မြို့အခြေစိုက် နာမည်ကြီး Nature သိပ္ပံဂျာနယ်၏ ၂၀၂၅ ခုနှစ်အတွက် အကြီးမားဆုံး သိပ္ပံဖြစ်ရပ်များတွင် ပါဝင်ခဲ့သည့် ထင်ရှားသော ပုဂ္ဂိုလ် ၁၀ ဦးကို မီးမောင်းထိုး...

လန်ဒန်မြို့အခြေစိုက် နာမည်ကြီး Nature သိပ္ပံဂျာနယ်၏ ၂၀၂၅ ခုနှစ်အတွက် အကြီးမားဆုံး သိပ္ပံဖြစ်ရပ်များတွင် ပါဝင်ခဲ့သည့် ထင်ရှားသော ပုဂ္ဂိုလ် ၁၀ ဦးကို မီးမောင်းထိုးပြသည့် နှစ်စဉ် "Nature's 10" စာရင်းတွင် တရုတ်ပညာရှင် နှစ်ဦး ပါဝင်ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။ ၎င်းတို့မှာ တရုတ်နိုင်ငံ၏ AI ကုမ္ပဏီဖြစ်သော DeepSeek ကို တည်ထောင်သူ လျန်ဝမ်ဖုန်း (Liang Wenfeng) နှင့် ဘူမိသိပ္ပံပညာရှင် ဒူမင်ရန် (Du Mengran) တို့ဖြစ်ကြသည်။လျန်ဝမ်ဖုန်းသည် အစွမ်းထက်သော ကြီးမားသည့် AI မော်ဒယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်ခဲ့ခြင်းအတွက် အသိအမှတ်ပြုခံရပြီး၊ ဒူမင်ရန် (Deep diver ဟု လူသိများသည်) ကမူ ကမ္ဘာပေါ်တွင် ယခုအချိန်အထိ တွေ့ရှိရသမျှထဲတွင် အနက်ရှိုင်းဆုံး တိရစ္ဆာန် ဂေဟစနစ်အချို့ကို ဖော်ထုတ်နိုင်ခဲ့သည့် နက်ရှိုင်းသော ပင်လယ်ရေအောက် စူးစမ်းလေ့လာရေးတွင် ရှေ့ဆောင်လမ်းပြခဲ့သူအဖြစ် အသိအမှတ်ပြုခံခဲ့ရခြင်းဖြစ်သည်။

news-view-count-icon

13