မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဂျွန်နီအီဗန်စ်သည် ၎င်းတာဝန်ယူထားသည့် ကလပ်၏ လူငယ်ကစားသမားများ အငှားချထားရေးဆိုင်ရာ ရာထူးမှ နုတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။ အသက် ၃၇ နှစ်အရွယ်ရှိ အီဗန်စ်သည် ၂၀၂၄-၂၅ ရာသီအကုန်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် ယင်းတာဝန်ကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ဘောလုံးဒါရိုက်တာ ဂျေဆင်ဝဲလ်ကော့နှင့်အတူ ကစားသမားများ တိုးတက်ရေးနှင့် လူငယ်ကြယ်ပွင့်များကို အသင်းကြီးအတွက် ပြင်ဆင်ပေးရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရသည်။ အီဗန်စ်သည် မိသားစုကို အချိန်ပိုပေးလိုသည့် ဆန္ဒကြောင့် နုတ်ထွက်ခြင်းဖြစ်ပြီး ကလပ်အသင်းနှင့် ပဋိပက္ခတစ်စုံတစ်ရာမရှိကြောင်း သိရသည်။ ယူနိုက်တက်အကယ်ဒမီထွက် အီဗန်စ်သည် အသင်းတွင် နှစ်ကြိမ်တိုင် ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၂၄၁ ပွဲ ပါဝင်ကာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူဖြစ်သည်။
Dec 10 • 1:50 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


