ယခုကျင်းပနေသည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မြန်မာ့ရိုးရာလက်ဝှေ့မယ်များဖြစ်သည့် နော်ဥမ္မာစိုးနှင့် မေသဇင်ထူးတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံရှိ မွေထိုင်းလက်ဝှေ့ကလပ်တွင် လေ့ကျင့်နေသော နော်ဥမ္မာစိုးသည် ဆီးဂိမ်းစ်အတွက် ရန်ကုန်မြို့ရှိ လက်ဝှေ့အဖွဲ့ချုပ်သို့ လာရောက်ပူးပေါင်းနေပြီဖြစ်သည်။ဆီးဂိမ်းစ်သို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလက်ဝှေ့အားကစားသမားများမှာ ရိုးရာလက်ဝှေ့ကျော်များဖြစ်ကြသည့် ရာမာန်၊ သွေးလင်းထက်၊ ထွန်းမင်းအောင်၊ ထွန်းမင်းနိုင်နှင့် ဆလိုင်းထန်ခွီးရှိန်တို့ ပါဝင်ကြောင်း သိရသည်။ဒီဇင်ဘာ ၁၃ ရက်နေ့၌ စတင်ကျင်းပမည့် ဆီးဂိမ်းစ်လက်ဝှေ့ပွဲစဉ်များကို Lumpinee Boxing Stadium ကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး၊ ယခုတစ်ကြိမ်သည် ထိုင်းနိုင်ငံက ဆီးဂိမ်းစ်ပြိုင်ပွဲကို ၇ ကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။

Dec 10 • 1:54 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


