back

ဆီးဂိမ်းစ် ကွာတားဖိုင်နယ်တွင် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အင်ဒိုနီးရှားကစားသမားကို ရှုံးနိမ့်

Dec 10 • 1:34 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဆီးဂိမ်းစ် ကွာတားဖိုင်နယ်တွင် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ အင်ဒိုနီးရှားကစားသမားကို ရှုံးနိမ့်

ဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည် ယနေ့ ဒီဇင်ဘာ ၉ ရက်တွင် ကစားခဲ့သော ကွာတားဖိုင်နယ်ပွဲစဉ်၌ အင်ဒိုနီးရှားကြက်တောင်မယ် ...

ဆီးဂိမ်းစ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာသည် ယနေ့ ဒီဇင်ဘာ ၉ ရက်တွင် ကစားခဲ့သော ကွာတားဖိုင်နယ်ပွဲစဉ်၌ အင်ဒိုနီးရှားကြက်တောင်မယ် Putri Kusuma WARDANI ကို သုံးပွဲကစား (၁)ပွဲနိုင် (၂)ပွဲရှုံးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ ပထမပွဲစဉ်တွင် (၁၃-၂၁) ဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ဒုတိယပွဲစဉ်တွင်လည်း အကြိတ်အနယ် ကစားခဲ့ရပြီး (၂၀-၂၂) ဖြင့် ရှုံးနိမ့်ခဲ့ကာ တတိယပွဲစဉ်တွင်မူ (၂၁-၁၇) ဖြင့် အနိုင်ရရှိခဲ့သည်။ သက်ထားသူဇာသည် ၂၀၁၇ ခုနှစ်မှစ၍ အိုလံပစ်ပြိုင်ပွဲဝင်ရောက်ခွင့်ရရန် ကြိုးပမ်းခဲ့ပြီး၊ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၄၃) နေရာတွင် ရပ်တည်နေသူဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံး အမျိုးသမီး ကြက်တောင်ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူလည်း ဖြစ်သည်။

news-view-count-icon

27