back

ထိုင်းနိုင်ငံတွင် ဘတ်စာရင်းသွင်းခြင်းကို ဒီဇင်ဘာ ၁၂ ရက်မှ ၂၆ ရက်အထိ ဖွင့်လှစ်မည်

Dec 10 • 1:37 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတွင် ဘတ်စာရင်းသွင်းခြင်းကို ဒီဇင်ဘာ ၁၂ ရက်မှ ၂၆ ရက်အထိ ဖွင့်လှစ်မည်

ထိုင်းနိုင်ငံတွင် တရားမဝင် အခြေအနေဖြင့် နေထိုင်နေကြသည့် မြန်မာ၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံသားများအား နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ပြုမည့် ဘတ်ခေါ် (Work Perm...

ထိုင်းနိုင်ငံတွင် တရားမဝင် အခြေအနေဖြင့် နေထိုင်နေကြသည့် မြန်မာ၊ လာအိုနှင့် ဗီယက်နမ် နိုင်ငံသားများအား နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်ပြုမည့် ဘတ်ခေါ် (Work Permit) ပေးခြင်းအစီအစဉ်ကို ဒီဇင်ဘာ ၁၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပြုလုပ်ပေးမည်ဖြစ်ကြောင်း အလုပ်အကိုင်ရှာဖွေရေးဌာနက ယနေ့ညတွင် ထုတ်ပြန်ခဲ့သည်။အစိုးရအဖွဲ့၏ နိုဝင်ဘာ ၁၁ ရက်နေ့ ဆုံးဖြတ်ချက်အရ ယင်းနိုင်ငံသားများ၏ အလုပ်ရှင် သို့မဟုတ် အခွင့်အာဏာအပ်နှင်းခံရသော အကျိုးဆောင်ကုမ္ပဏီများသည် ဥပဒေနှင့်အညီ အလုပ်လုပ်ခွင့်လျှောက်လွှာကို တင်ပြရမည်ဖြစ်သည်။လျှောက်လွှာတင်သွင်းခြင်းနှင့် အခကြေးငွေများ ပေးသွင်းခြင်းကိုwww.eworkpermit.doe.go.th ဝက်ဘ်ဆိုက်တွင် သတ်မှတ်ရက်အတွင်း ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

news-view-count-icon

25