back

မွန်ပြည်နယ်မှာ ဖမ်းဆီးထားတဲ့ ကျားဖြန့်လုပ်သား ၆၀၀ ကျော် ပြန်လွှတ်ပေးခဲ့

Dec 10 • 1:18 AM

breaking-news

မြန်မာ

မွန်

breaking-news
cover

မွန်ပြည်နယ်မှာ ဖမ်းဆီးထားတဲ့ ကျားဖြန့်လုပ်သား ၆၀၀ ကျော် ပြန်လွှတ်ပေးခဲ့

မွန်ပြည်နယ် သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံနဲ့ ပေါင်မြို့နယ်တို့မှာ ပိတ်ဆို့ဖမ်းဆီးခဲ့တဲ့ ကျားဖြန့်လုပ်သား ၆၀၀ ကျော်ကို ပြန်လွှတ်ပေးလိုက...

မွန်ပြည်နယ် သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ဘီးလင်း၊သထုံနဲ့ ပေါင်မြို့နယ်တို့မှာ ပိတ်ဆို့ဖမ်းဆီးခဲ့တဲ့ ကျားဖြန့်လုပ်သား ၆၀၀ ကျော်ကို ပြန်လွှတ်ပေးလိုက်ပြီလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်နေ့ကစလို့ ကရင်ပြည်နယ် မြဝတီမြို့နယ်ကနေ ပြန်လာတဲ့ ကျားဖြန့်လုပ်ငန်းတွေကို သထုံခရိုင်အတွင်း ဝင်ရောက်နိုင်တဲ့ လမ်းပိုင်းတွေမှာ ပိတ်ဆို့ဖမ်းဆီးခဲ့တာဖြစ်ပြီးအဲဒီနောက် ကျားဖြန့်လုပ်ငန်းတွေကို သက်ဆိုင်ရာ ရဲစခန်းနဲ့မြို့နယ်ရုံးတွေမှာ နှစ်ပတ်နီးပါးအကြာ ထိန်းသိမ်းထားပြီးနောက် အထက်အမိန့်အရ ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။ ဖမ်းဆီးထားတဲ့ ကျားဖြန့်လုပ်သားတွေရဲ့ နေထိုင်စားသောက်ရေးတွေကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေက တာဝန်ယူကျွေးမွေးရတာကြောင့် နှစ်ပတ်တာကာလအတွင်း ကုန်ကျစရိတ် အများအပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ကျားဖြန့်လုပ်သားတွေထဲမှာ ဗမာစကား မပြောတတ်သူ အများအပြား ပါဝင်ပြီး မိုင်းလား၊ ဝပြည်နယ်အတွင်း နေထိုင်သူတချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

news-view-count-icon

22