back

မလေးရှားမှ ပြစ်ဒဏ်ကျ မြန်မာနိုင်ငံသား ၉၁ ဦးကို နေရပ်ပြန်ပို့

Dec 09 • 5:01 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားမှ ပြစ်ဒဏ်ကျ မြန်မာနိုင်ငံသား ၉၁ ဦးကို နေရပ်ပြန်ပို့

မလေးရှားနိုင်ငံတွင် အကျဉ်းကျခံပြီးသည့် မြန်မာနိုင်ငံသား ၉၁ ဦးအပါအဝင် နိုင်ငံခြားသား ၁၄၇ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ဒီဇင်ဘာလ ပထမအပတ်အတွင်း ပြန်ပို့ခဲ့ကြောင်...

မလေးရှားနိုင်ငံတွင် အကျဉ်းကျခံပြီးသည့် မြန်မာနိုင်ငံသား ၉၁ ဦးအပါအဝင် နိုင်ငံခြားသား ၁၄၇ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ ဒီဇင်ဘာလ ပထမအပတ်အတွင်း ပြန်ပို့ခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ ပြန်ပို့ခဲ့သည့် နိုင်ငံခြားသားများတွင် မြန်မာနိုင်ငံသား (၉၁) ဦး၊ အင်ဒိုနီးရှားနိုင်ငံသား (၂၉) ဦး၊ အိန္ဒိယနိုင်ငံသား (၁၁) ဦး၊ ဖိလစ်ပိုင်နိုင်ငံသား (၉) ဦး၊ လာအိုနိုင်ငံသား (၃) ဦး၊ နီပေါနိုင်ငံသား (၂) ဦး ၊ပါကစ္စတန်နိုင်ငံသား (၁) ဦး နှင့် သီရိလင်္ကာနိုင်ငံသား (၁) ဦးစီ ပါဝင်ကြောင်းသိရသည်။ ၎င်းတို့အားလုံးအား ကွာလာလမ်ပူ KLIA 1 နှင့် KLIA 2 အပြည်ပြည်ဆိုင်ရာလေဆိပ်များ နှင့် စတူလန်းလော့တ် သင်္ဘောဆိပ် များမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

news-view-count-icon

16