အငြင်းပွားနယ်စပ်မှာ ထိုင်းနဲ့ ကမ္ဘောဒီးယားအကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး သေဆုံးသူအရေအတွက် တိုးပွားလာကာ နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံထောင်ပေါင်းများစွာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။ ထိုင်းစစ်တပ်က ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ယောက်ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ စုစုပေါင်း ခြောက်ယောက်အထိ ရှိလာတယ်လို့ ကမ္ဘောဒီးယားစစ်တပ်က ပြောပါတယ်။ ထိုင်းဘက်မှာတော့ စစ်သားတယောက်သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ မနေ့ကတော့ ထိုင်းစစ်တပ်ဟာ ကမ္ဘောဒီးယားနယ်စပ်ရှိ စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကမ္ဘောဒီးယားဘက်ကလည်း BM-21 ဒုံးကျည်တွေ တိုက်ခိုက်ခဲ့ပါတယ်။ မေလမှာ ဖြစ်ပွားခဲ့တဲ့ နယ်စပ်ပဋိပက္ခမှာ သေဆုံးသူ ၄၀ ကျော်ရှိခဲ့ပြီး နှစ်နိုင်ငံအကြား ခရီးသွားလာမှု ကန့်သတ်ချက်တွေနဲ့ သွင်းကုန်ပိတ်ပင်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ သေဆုံးသူမြင့်တက်လာပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်းနေရ
Dec 09 • 4:58 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


