back

ထိုင်းနိုင်ငံ၊မဲဆောက်မှာ နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ အထောက်ထားမဲ့ ၂၂ ဦးကို အထူးတပ်ဖွဲ့ ဖမ်းဆီးခဲ့

Dec 09 • 3:51 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊မဲဆောက်မှာ နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ အထောက်ထားမဲ့ ၂၂ ဦးကို အထူးတပ်ဖွဲ့ ဖမ်းဆီးခဲ့

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ ထိုင်း-မြန်မာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၂၂ ဦးကို အထူးတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သ...

ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ ထိုင်း-မြန်မာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၂၂ ဦးကို အထူးတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။အထူးတပ်ဖွဲ့ဝင်တွေဟာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ၇၀ ရိုင်ဧရိယာတစ်ဝိုက်မှာ ပုံမှန် ကင်းလှည့်စောင့်ကြည့်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေခဲ့တာပါ။ ကင်းလှည့်နေစဉ်မှာပဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူလို့ ယူဆရတဲ့ နိုင်ငံခြားသား စုစုပေါင်း ၂၂ ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပြီး ဖမ်းဆီးရမိသူတွေထဲမှာ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၅ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ဘယ်နိုင်ငံသားတွေဖြစ်ကြောင်းကိုတော့ သတင်းမှာဖော်ပြထားခြင်း မရှိပါဘူး။ အာဏာပိုင်တွေရဲ့ စစ်ဆေးမေးမြန်းချက်အရ ဖမ်းဆီးရမိသူ အားလုံးဟာ နယ်စပ်ရှိ သဘာဝလမ်းကြောင်းတွေကနေ တစ်ဆင့် ထိုင်းနိုင်ငံဘက်ခြမ်းကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာခဲ့ကြောင်း ဝန်ခံခဲ့ကြပါတယ်။ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသား ၂၂ ဦးကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး (လဝက) ရုံးကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေနဲ့အညီ ဆက်လက် အရေးယူဆောင်ရွက်သွားဖို့ ရှိတယ်လို့ ထိုင်းရဲသတင်းတွေအရ သိရပါတယ်။

news-view-count-icon

17