ထိုင်းဝန်ကြီးချုပ် အနုတင် ချန်းဗီရာကွန် (Anutin Charnvirakul) ကကမ္ဘောဒီးယားနဲ့ ညှိနှိုင်းမှုလမ်းကြောင်းတွေကို ပိတ်လိုက်ပြီ လို့ မနေ့ကဒီဇင်ဘာ၈ရက်တွင် တရားဝင် ကြေညာလိုက်ပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတင်က အမေရိကန်သမ္မတ ထရမ့်၊မလေးရှားဝန်ကြီးချုပ် အန်ဝါတို့ ပါဝင်ပတ်သက်မှုကို လုံးဝ ထည့်သွင်းစဉ်းစားတော့မှာ မဟုတ်ဘူး လို့ ဆိုပါတယ်။ဒါဟာ ထိုင်းနိုင်ငံနဲ့ "ရန်သူ" ကြားက ကိစ္စသက်သက်ပဲလို့ အလေးအနက်ထား ပြောဆိုခဲ့သလို အမေရိကန်ရဲ့ အခွန်အတုပ် (Tariffs) တွေအပေါ် သက်ရောက်နိုင်ခြေရှိတဲ့ စိုးရိမ်မှုတွေကိုလည်း ပယ်ချခဲ့ပြီး အခုဆိုရင် ပူးတွဲကြေညာချက်ဟာ တရားဝင် ပျက်ပြယ်ပြီ လို့ပါ ကြေညာခဲ့ပါတယ်။မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင် (Anwar Ibrahim) ကတော့ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက် လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတာကို နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။



