ချင်းပြည်နယ်၊ ဟားခါးဆေးရုံကြီးနဲ့ တီးတိန်ဆေးရုံကြီးတို့မှာ ဆိုလာစနစ်တပ်ဆင်ဖို့ရှိတယ်လို့ သိရပါတယ်။(၂၀၂၅-၂၀၂၆)ခုနှစ်ဘက်ဂျက်ခွင့်ပြုချက်နဲ့တပ်ဆင်ပေးဖို့ရှိနေပြီး ဆိုလာတပ်ဆင်ဖို့အတွက်တင်ဒါတွေကို ဒီကနေ့ ဒီဇင်ဘာလ (၉)ရက်မှာ နိုင်ငံပိုင်သတင်းစာမှတစ်ဆင့်ခေါ်ယူနေတာဖြစ်ပါတယ်။ချင်းပြည်နယ်၊ဟားခါးပြည်သူ့ဆေးရုံကြီးကုတင်(၃၀၀)ဆံ့အတွက် 150 KW Solar System (၁)Set ,50KW Solar System (၂)Set တပ်ဆင်ပေး သွားမှာဖြစ်ပါတယ်။ချင်းပြည်၊တီးတိန်ပြည်သူ့ဆေးရုံကြီးကုတင်(၁၀၀)ဆံ့အတွက်50KW Solar System (၃)Set တပ်ဆင်ပေး သွားမှာဖြစ်ပြီး ဒီဇင်ဘာလ(၁၀)ရက်မှစတင်ကာအိတ်ဖွင့်တင်ဒါစတင်လျှောက်ထားနိုင်ကာဒီဇင်ဘာလ(၂၃)ရက်မှာတင်ဒါပိတ်မှာ ဖြစ်ပါတယ်။



