back

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အလံတင်အခမ်းအနားကိုယ‌ေန့ကျင်းပ

Dec 09 • 3:11 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အလံတင်အခမ်းအနားကိုယ‌ေန့ကျင်းပ

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အလံတင်အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၉)ရက်၌ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Hua Mark မိုးလုံလေလုံ အားကစားကွင်း၌ ကျင်း...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အလံတင်အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၉)ရက်၌ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Hua Mark မိုးလုံလေလုံ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ အလံတင်အခမ်းအနားသို့ SAT, SEAGF, CDMS, NOCs, နိုင်ငံပေါင်း ၁၁ နိုင်ငံတို့မှ VIP များ၊ ကိုယ်စားလှယ်များနှင့် အားကစားသမားများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် နိုင်ငံပေါင်း ၁၁ နိုင်ငံတို့မှ အားကစားသမားများကို ကြိုဆို၍ အ ခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့ပြီးနောက် SEAGF Logo , SEA Games Logo အလံနှင့် ဘရူးနိုင်း ဒါရုစလမ်နိုင်ငံ၊ ကမ္ဘော ဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ စင်္ကာပူသမ္မတ နိုင်ငံ၊ တီမောလက်စ်တီဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ အိမ်ရှင်ထိုင်း နိုင်ငံ စသည့် နိုင်ငံပေါင်း (၁၁) နိုင်ငံတို့၏ အလံများကို ပြိုင်ပွဲဝင်အသင်း အားသမားများက ကိုင်ဆောင်ပြီး နိုင်ငံတော် သီချင်းများအား ဖွင့်လှစ်၍ သံပြိုင်သီဆိုခဲ့ကြကြောင်း သိရသည်။ နိုင်ငံပေါင်း (၁၁) နိုင်ငံတို့က အမှတ်တရ လက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


news-view-count-icon

47