back

နှစ်နိုင်ငံ စစ်ဖြစ်နေပေမဲ့ ထိုင်းSEA Games ကို ကမ္ဘောဒီးယားတို့ မထွက်ပဲ ဆက်ပြိုင်မည်ဖြစ်

Dec 09 • 3:53 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

နှစ်နိုင်ငံ စစ်ဖြစ်နေပေမဲ့ ထိုင်းSEA Games ကို ကမ္ဘောဒီးယားတို့ မထွက်ပဲ ဆက်ပြိုင်မည်ဖြစ်

ထိုင်းနိုင်ငံတွင် ၃၃ ကြိမ်မြောက် SEA Games ကို တရားဝင်ဖွင့်ပွဲ မနက်ဖြန် (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်) မှာ လုပ်တော့မှာပါ။အဲဒီအတွက် ဒီကနေ့ တနင်္လာနေ့မှာ ဘန်ကောက်မြ...

ထိုင်းနိုင်ငံတွင် ၃၃ ကြိမ်မြောက် SEA Games ကို တရားဝင်ဖွင့်ပွဲ မနက်ဖြန် (၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်) မှာ လုပ်တော့မှာပါ။အဲဒီအတွက် ဒီကနေ့ တနင်္လာနေ့မှာ ဘန်ကောက်မြို့၊ ဟွာမတ် မိုးလုံလေလုံ အားကစားရုံ (Indoor Stadium Huamark) မှာ လုပ်တဲ့ အလံတင်အခမ်းအနားမှာ ကမ္ဘောဒီးယား အားကစားသမားတွေ ပါဝင်ခဲ့ပါတယ်။ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်မှာ စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေပေမဲ့ ကမ္ဘောဒီးယားဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် SEA Games ကို ဆက်လက်ပါဝင်သွားမှာဖြစ်ပြီး ပြိုင်ပွဲကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

news-view-count-icon

23