back

ဘန်ကောက်မှာ ဒီဇင်ဘာလ ၉ ရက်နေ့မှာ SEA Games ဖွင့်ပွဲ ကျင်းပမည်

Dec 09 • 2:31 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်မှာ ဒီဇင်ဘာလ ၉ ရက်နေ့မှာ SEA Games ဖွင့်ပွဲ ကျင်းပမည်

၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲမှစတင်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရာဇမင်္...

၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီခွဲမှစတင်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရာဇမင်္ဂလာ အားကစားကွင်းကြီး၌ ခမ်းနားစွာ ကျင်းပသွားမည်ဖြစ်သည်။ ၁၉၅၉ ခုနှစ်တွင် ဤဒေသတွင်း အားကစားပွဲတော် စတင်မွေးဖွားရာ နေရာဖြစ်သောကြောင့် ယခုတစ်ကြိမ်ပွဲကို "Back to the Origin" ခေါင်းစဉ်ဖြင့် မူလအစကို ပြန်လည်ဖော်ကျူးသည့်ပုံစံ တင်ဆက်သွားမည်ဖြစ်သည်။ အိမ်ရှင် ထိုင်းနိုင်ငံသည် "We Are One" ခေါင်းစဉ်အောက်တွင် ဒေသတွင်း ညီညွတ်မှုကို ဦးစားပေးတင်ဆက်မည်ဖြစ်ပြီး၊ ဖွင့်ပွဲအခမ်းအနားတွင် အပိုင်း ၅ ပိုင်း ပါဝင်ကာ ဆီးဂိမ်းစ်၏ သမိုင်းကြောင်း၊ ယဉ်ကျေးမှုမတူကွဲပြားပုံနှင့် အားကစားသမားများ၏ စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကို ခေတ်မီနည်းပညာများဖြင့် ပေါင်းစပ်တင်ဆက်သွားမည်ဖြစ်သည်။ ပရိသတ်အမျှော်လင့်ဆုံးအဖြစ် ထိုင်းဖွား K-pop စတား BamBam Kunpimook အပါအဝင် နာမည်ကြီး အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေမည်ဖြစ်ပြီး၊ ပွဲသိမ်းတွင် ဆီးဂိမ်းစ် မီးရှူးတိုင် မီးညှိမည့် အခမ်းအနားကို ပုံစံသစ်ဖြင့် တင်ဆက်သွားမည်ဖြစ်သည်။

news-view-count-icon

15