back

မြန်မာဆယ်ကျော်သက်တစ်ဦး အီလက်ထရွန်းနစ်ဆေးလိပ်ကြောင့် စင်ကာပူတွင် နေထိုင်ခွင့် ဆုံးရှုံးရသည့် ပထမဆုံးနိုင်ငံခြားသားဖြစ်လာ

Dec 09 • 2:32 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

မြန်မာဆယ်ကျော်သက်တစ်ဦး အီလက်ထရွန်းနစ်ဆေးလိပ်ကြောင့် စင်ကာပူတွင် နေထိုင်ခွင့် ဆုံးရှုံးရသည့် ပထမဆုံးနိုင်ငံခြားသားဖြစ်လာ

အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦးသည် etomidate မူးယစ်ဆေးပါဝင်သော Kpod (ketamine pod) အီလက်ထရွန်းနစ်ဆေးလိပ်ကို လက်ဝယ်ထားရှိမှုကြောင့် စင်ကာပူအာဏာပိုင်များ၏ ...

အသက် ၁၅ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦးသည် etomidate မူးယစ်ဆေးပါဝင်သော Kpod (ketamine pod) အီလက်ထရွန်းနစ်ဆေးလိပ်ကို လက်ဝယ်ထားရှိမှုကြောင့် စင်ကာပူအာဏာပိုင်များ၏ အရေးယူမှုကို ခံနေရပြီး ပြည်နှင်ဒဏ် ပေးခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒီဇင်ဘာ ၈ ရက် သတင်းထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါအမျိုးသမီးငယ်သည် စင်ကာပူတွင် မူးယစ်ဆေးပါဝင်သော အီလက်ထရွန်းနစ်ဆေးလိပ်ကြောင့် နေထိုင်ခွင့် ရုပ်သိမ်းခံရမည့် ပထမဆုံး နိုင်ငံခြားသားဖြစ်လာသည်။ စင်ကာပူအာဏာပိုင်များသည် မူးယစ်ဆေးပါဝင်သည့် အီလက်ထရွန်းနစ်ဆေးလိပ်သုံးစွဲမှု မြင့်တက်လာခြင်းကို တိုက်ဖျက်ရန် တင်သွင်းသူ၊ ရောင်းချသူ၊ ဖြန့်ဖြူးသူများကို ထောင်ဒဏ်နှင့် ကြိမ်ဒဏ်များအထိ ချမှတ်ရန် ကြေညာထားပြီး၊ အမှုစစ်ဆေးစီရင်မှု ပြီးစီးပါက အဆိုပါ မြန်မာမိန်းကလေးကို ပြည်နှင်ဒဏ်ပေးမည်ဟု ဆိုသည်။

news-view-count-icon

15