လီဗာပူးလ်အသင်းဟာ ယနေ့ကစားမယ့် အင်တာမီလန်နဲ့ ချန်ပီယံလိဂ်ပွဲ လူစာရင်းထဲ ဆာလာကို မထည့်သွင်းခဲ့ကြောင်း သိရပါတယ်။လိဒ်စ်နဲ့ပွဲအပြီး ဆာလာက အသင်းနဲ့ နည်းပြ အာနယ်ဆလော့ကို လူသိရှင်ကြား ဝေဖန်ခဲ့တဲ့ဖြစ်ရပ်ကြောင့်လည်း ဖြစ်တယ်။ဆာလာဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ လေးဂိုးသာ သွင်းယူထားတာပါ။ပြီးခဲ့တဲ့တနင်္လာနေ့ နံနက်ပိုင်းက ဆာလာဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြုလုပ်ခဲ့ပေမဲ့ မီလန်မြိုကို မခေါ်ဆောင်ခဲ့တာဖြစ်တယ်။ဆာလာဟာ လာမယ့်စနေနေ့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ပါဝင်ကစားဖို မသေချာပါဘူး။ဒီပွဲပြီးရင်တော့ ဆာလာအနေနဲ့ မိခင်နိုင်ငံ အီဂျစ်လက်ရွေးစင်အသင်းအတွက် အာဖရိကနိုင်ငံများဖလားကစားဖို သွားရောက်မှာဖြစ်ပါတယ်။



