ပြည်တွင်း ငါးစျေးကွက်မှာ ငါးကြင်း ၊ ငါးရံ့ ကစျေးကျသွားပြီး ငါးဖယ်ခြစ် နဲ့ ငါးသလောက် စျေးကွက်ကတော့ အမြင့်စျေးတန်းမှာပဲ ဆက်ရှိနေသေးတယ်လို့ ငါးစျေးကွက်ကနေ စုံစမ်းသိရှိရပါတယ်။ " ငါးကြင်းကတော့ အရောအနှော ခုတ်သားစျေးကတစ်မျိုး ၊အသားသီးသန့်ဆို တစ်မျိုးပေါ့။ ငါးကြင်းက တော့ပုံမှန်ရောင်းအား ရှိပါတယ်။ ငါးရံ့ကတော့ စားသုံးသူ နည်းတယ်။ လယ်ငါးရံ့တွေက ပိုရောင်းရတယ် " လို့ ငါး၊ပုဇွန် ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။လက်ရှိမှာတော့ ပွင့်လင်းရာသီ ရောက်လာတဲ့အတွက် ငါးရံ့အကောင်ကြီးဆိုဒ် တွေကို ငါးရံ့ခြောက်အဖြစ် ထုတ်လုပ်ရောင်းချမှုတွေ ရှိလာတယ် လို့ သိရပါတယ်။ငါးကြင်း နဲ့ ငါးရံ့စျေးကျပေမယ့် ငါးသလောက်နဲ့ ငါးဖယ်ခြစ် ကတော့ စျေးမြင့်နေဆဲ ဖြစ်ပြီး လက်ရှိပျှမ်းမျှ စျေးကွက် အခြေအနေ ကတော့ စားသုံးမှုနည်းပြီး ရောင်းလိုအား ကျလာတယ် လို့ သိရပါတယ်။



