ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုး တက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှား မှု ဟောပြောပွဲနှင့် ကာယ ၊ ဥာဏပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.မ.က(၂) အခြေခံပညာမူလတန်းကျောင်းတွင်ကျင်းပ ခဲ့သည်။ကာယပြိုင်ပွဲများဖြစ်သော ခါးလှည့်ကွင်း၊Team Work ပြိုင်ပွဲ ၊ ပူးဖောင်း Team Work ပြိုင်ပွဲ ၊ ခွက်ကောက်ပြိုင်ပွဲများအား ကျင်းပခဲ့ပြီး ဆုရရှိသော ကျောင်းသား/သူများအား မေတ္တာလက်ဆောင်ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြသည်။အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသော ဆရာ/ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ၊ နံရံကပ်ဘုတ်များအားကြည့်ရှုခဲ့ကြကြောင်း သိရသည်။



